ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။

   ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ (၂၀၂၃)ခုနှစ်၊ မေလ(၂၅)ရက် မှ (၃၁)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၅၀၀ မှ ၁၆၀၀)ကျပ်၊ ခရမ်းသီး (၁)ပိဿာလျှင်(၃၀၀၀ မှ ၃၂၀၀)ကျပ်၊ အာလူး (၁)ပိဿာလျှင် (၂၅၀၀ မှ ၂၈၀၀)ကျပ်၊ ငရုတ်သီး (စိမ်း) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငရုတ်သီး(ခြောက်)အသစ် (၁)ပိဿာလျှင် (၁၅၀၀၀ မှ ၂၀၀၀၀)ကျပ်၊ သကြားပြောင်းဖူး (၁)ဖူးလျှင် (၃၅၀)ကျပ်၊  ဒညင်းသီး (၁)လုံးလျှင် (၅၀ မှ ၁၀၀)ကျပ်၊ ကြက်သွန်နီ (၁)ပိဿာလျှင် (၂၀၀၀ မှ ၂၂၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

   ဆိပ်ဖြူမြို့ အသားငါးဈေးနှုန်းများမှာ မွေးမြူရေး CP ကြက်သား (၁)ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဗမာကြက်သား (၁)ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၂၀၀၀ မှ ၁၆၀၀၀)ကျပ်၊ မြစ်ငါးကြင်း(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ မွေးမြူရေး ငါးကြင်း (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ မြေပဲစက်ပဲဆီ (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းရောဆီ (၁)ပိဿာလျှင် (၉၅၀၀)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည် တစ်အိတ်လျှင် (၁၀၄၀၀၀)ကျပ်၊ မနောသုခ (၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ ရာပြည့် (၂၄)ပြည် တစ်အိတ် လျှင် (၈၅၀၀၀)ကျပ်၊ သိင်္ဂီပေါ်ဆန်း (၂၄)ပြည် တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မကွေး)