၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၄၅၀၀) ကျပ်ဖြစ်၍ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ ဧရာမင်းတစ်ပြည်လျှင် (၃၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီမြစ်သားအမျိုးအစားလက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ (အသေး)တစ်ပိဿာလျှင် (၂၃၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)အလုံးကြီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးသေးတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ချင်းတစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြစ်နေပြီး ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် (၃၀၀၀) ကျပ်မြင့်တက်နေကြောင်းနှင့် အာလူးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်ထက် တစ်ပိဿာလျှင် (၅၀၀) ကျပ်မြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်၍ ယခင်မေလ၊ နောက်ဆုံးအပတ်ထက် တစ်ပိဿာလျှင် (၁၀၀၀) ကျပ်မြင့်တက်နေကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၇၀၀) ကျပ်ဖြစ်၍ ယခင် မေလ၊ နောက်ဆုံးအပတ်အတိုင်း တည်ငြိမ်လျက်ရှိပါကြောင်း၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဖြစ်၍ ယခင်ဈေးအတိုင်း တည်ငြိမ်လျက်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၈၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၂၅၀၀) ကျပ်ဖြစ်၍ ယခင်အထက် (၅၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ခါကြက်ဥ(ဗမာ)တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်၍ ယခင်အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပရာသီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၃၀၀) ကျပ်ထိ၊ ကန်ဇွန်းရွက်တစ်စီးလျှင် (၁၀၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကုန်ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၃၀၀) ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀) ကျပ်တို့ရှိပါသည်။ ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၂၀၀၀ ) ကျပ်မှ (၁၄၀၀၀) ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ ဝက်သားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၂၂၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်ထိဖြစ်၍ ယခင်မေလ၊ နောက်ဆုံးအပတ်အတိုင်း ကြက်သား၊ ဝက်သားနှင့် အမဲသားဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိနေပြီး ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ တီလားဗီးယားငါးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိတို့ဖြင့် ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိနေပြီး အရောင်းအဝယ်နေကြောင်း သိရှိရပါသည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြစ်၍ မြေပဲဆီဈေးနှုန်းမှာ ယခင်အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီတစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ ဆယ်ပိဿာတစ်ပုံးလျှင် (၆၅၀၀၀) ကျပ်ဖြစ်၍ ယခင်မေလ၊ နောက်ဆုံးအပတ်ထက် အနည်းငယ်လျော့ကျကာ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)