မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ် ပြန်ပေးလျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ တင်သွင်း/သို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းလက်လီ ဈေးနှုန်း အပေါ်အခြေခံ၍ ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးကာ ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့စဉ်ချိတ်ဆက်၍ အရောင်းဆိုင်များအားလုံး၏ တစ်လီတာရောင်းဈေးနှုန်းများကို နေ့စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ မေလ၊ လကုန်ပတ်တွင် ရောင်းချခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၀၄၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၂၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၉၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၅၅)ကျပ်ဖြစ်ကြောင်း သိရသည်။
ယခုဇွန်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၀၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၀၉၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ယခင်အပတ်ထက် ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၃၅)ကျပ် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)