တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ မေလအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၈၁၈)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၉၆၈) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၂)လတာ လျာထားချက်အပေါ်  (၃၂.၂၇)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

    ကုန်သွယ်မှုပမာဏလျော့နည်းရခြင်းမှာလည်း တစ်ဖက်အိန္ဒိယနိုင်ငံမိုရေးမြို့၊ ဝင်/ထွက်များအား (၁၀.၃.၂၀၂၀)ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ခြင်းကြောင့်လည်းကောင်း၊ တမူးဒေသတွင် နယ်မြေတည်ငြိမ်မှုမရှိခြင်းကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်များဖြစ်သည့် သံတံတားဂိတ်၊ ဂိတ်အမှတ်(၂) တို့အား ယနေ့အထိ ယာယီပိတ်ထားခြင်းကြောင့်လည်းကောင်း၊ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုဂိတ်များအား တရားဝင်ပိတ်ထားသော်လည်း အဆင်ပြေသည့်နည်းလမ်းဖြင့် တင်ပို့နေကြ ပို့ကုန်ပစ္စည်းများအား တစ်ဖက်နိုင်ငံမိုရေးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်းကြောင့် တစ်ဖက်နိုင်ငံအစိုးရမှ ပိုမိုတင်ကြပ်စွာ ပိတ်ထားသည့်အတွက် ပုံမှန်အတိုင်း တင်ပို့နိုင်ခြင်း မရှိခြင်းကြောင့်လည်းကောင်း ကုန်သွယ်မှုပမာဏလျာထားချက်အပေါ် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

  ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများဖြင့် ကုန်သွယ်မှု လျာထားချက်ပြည့်မှီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ သံတံတားဂိတ်/ချစ်ကြည်ရေး တံတားဂိတ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မိမိဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသဖြင့် များမကြာမှီတွင် တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုပမာဏ တိုးတက်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။

      ပို့ကုန်အနေဖြင့် (၂၀.၅.၂၀၂၃ မှ ၂၆.၅.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၄၇) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၉၈.၆၅၆)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၂၁၁)၊  နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.0၁၅)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာသန်း(၀.၂၂၆) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် ယခင်အပတ်က တင်သွင်းနိုင်မှု မရှိခဲ့သော်လည်း (၂၇.၅.၂၀၂၃ မှ ၂.၆.၂၀၂၃) ရက်နေ့အထိ ဆံပင် အရေအတွက်အားဖြင့် တန် (၄.၂၃၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန် ဒေါ်လာသန်း (၀.၁၇၉) ပိုမိုတင်ပို့ နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) ပိုမိုတင်သွင်းနိုင်ခဲ့ပါကြောင်း  တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)