မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

Powered by Drupal

      မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်၏ကာလတူဈေးထက် ယခုနှစ်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရ သိရပါသည်။

မတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၇၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၇၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ပဲစင်းငုံ

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၂၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ပဲတီစိမ်း

   မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၆၁၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၄၀ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ကုလားပဲ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၄၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၇၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၄၅၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၄၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၄၄၂၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၈၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းခန့်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၄၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၈၃၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀မှ ၁၅ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါသည်။

ထောပတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၄၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၉၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ငါးသောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၅မှ ၂၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၉၆၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

မြေပဲဆံသီးနှံ

       မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၄၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၇၈၀၀၊ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၄၁၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀၊ တစ်ပိဿာလျှင် ကျပ်သုံးထောင်ခန့်မှ လေးထောင်ခန့်အထိပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀မှ ၂၅ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

နှမ်းမျိုးစုံသီးနှံ

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၅၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၆၆၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၅၂၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၁၆၆၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ်၅၁၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် တစ်တင်းလျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးသောင်းခန့်မှ ခြောက်သောင်းခွဲခန့်အထိပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀မှ ၅၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)