၂၀၂၃ခုနှစ်၊ မေလအတွင်း မကွေးမြို့သို့ အခြားတိုင်း/ပြည်နယ်များမှ ဆန်ဝင်ရောက်မှုနှင့် ဒေသတွင်း ဆန်စျေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲသီးနှံတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်၊ အနေဖြင့် (၂၃၂၅) ဧကသာစိုက်ပျိုးရသဖြင့် စားနပ်ရိက္ခာဆန်ဖူလုံမှုမရှိ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းလျက်ရှိပါသည်။ နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများကိုဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဟူသော နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် နွေစပါးစီမံကိန်းဧက (၂၅၀၀၀) အား စီမံဆောင်ရွက်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ မေလအတွင်း စပါးအဓိကထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန် (၂၄၁၀၀) အိတ်၊ စစ်ကိုင်းတိုင်းမှ (၃၅၅) အိတ်၊ ရန်ကုန်တိုင်းမှ (၁၃၂၀) အိတ်၊ ပဲခူးတိုင်းမှ (၃၀၉၅) အိတ်နှင့် မန္တလေးတိုင်းမှ (၈၁၀) အိတ်၊ စုစုပေါင်း (၂၉၆၈၀) အိတ်၊ (၁၄၈၄) တန်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းအရောင်းအဝယ်ဖြစ်နေသောဆန်စျေးနှုန်းများမှာ ဧရာပဒေသာ(ပွင့်ဖြူ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၉၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၈၀၀၀၀-၈၇၀၀၀)၊ ပေါ်ဆန်းမွှေး(ရွှေဘို) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၀၀၀-၁၀၁၀၀၀)၊ ပေါ်ဆန်းမွှေး(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၃၀၀၀)၊ မနောသုခ(မြောင်းမြ) (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၀၀၀၀-၇၂၀၀၀) နှင့် ဖန်သီး (၂၄) ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၃၀၀၀-၇၈၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)