စွန့်ပစ်ပစ္စည်း မီးသွေးမှုန့်မှတစ်ဆင့် ထင်းအစားထိုးလောင်စာတောင့်လုပ်ငန်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စွန့်ပစ်စ္စည်း မီးသွေးမှုန့်မှတစ်ဆင့် ထင်းအစားထိုးလောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်နေသော ဇီးကုန်းမြို့၊ မြို့သစ် (၉) လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဦးတေဇာဝင်း (ထွန်းတောက်) လောင်စာတောင့်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၅-၆-၂၀၂၃) ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပါသည်။

    ထို့သို့လေ့လာခဲ့ရာတွင် ထင်းအစားထိုးလောင်စာတောင့်ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများအဖြစ် စွန့်ပစ်ပစ္စည်း မီးသွေးမှုန့်၊ လွှစာမှုန့်၊ ကော်မှုန့်တို့ကိုအသုံးပြုပြီး လောင်စာတောင့်စက်အတွင်းသို့ တစ်ပေါင်းလျှင် မီးသွေးမှုန့် (၁၅၀) ပိဿာ၊ လွှစာမှုန့် ၃ ပိဿာနှင့် ကော်မှုန့် (၁၂) ပိဿာအား ရေအသင့်အတင့်နှင့်မွှေထည့်ရပြီး လွန်းအိမ်မှထွက်ရှိလာသော မီးသွေးတောင့်များကို အခြောက်လှန်းခြင်းများပြုလုပ်ပေးရပါသည်။ တစ်ရက်လျှင် (၁၀) ပိဿာဝင်အိတ် (၄၀) အိတ်၊ ပိဿာချိန်အားဖြင့် (၄၀၀) ခန့်ထုတ်လုပ်နိုင်ပြီး လုပ်သားတစ်ဦးကို တစ်ရက်လျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် လုပ်သား (၄) ဦးကိုအသုံးပြုကာ လောင်စာတောင့်များကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ လောင်စာတောင့်ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းကုန်ကြမ်းများကို မီးသွေးမှုန့်တစ်ပိဿာလျှင် (၁၁၀) ကျပ်၊ လွှစာမှုန့်တစ်ပိဿာလျှင် (၃၀၀) ကျပ်၊ ကော်မှုန့်တစ်ပိဿာလျှင် (၄၀၀) ကျပ်နှုန်းဖြင့် (ပုတီးကုန်း၊ သဲကုန်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်) မြို့နယ်များမှ ဝယ်ယူရရှိပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် (၁၀) ပိဿာဝင်တစ်အိတ်လျှင် (၃၀၀၀) ကျပ်နှုန်းရှိပြီး ပြန်လည်ရောင်းချမှုဈေးကွက်အနေဖြင့် မြို့နယ်တွင်းအသုံးပြုသူများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အနီးအနားမြို့နယ်များမှ မှာယူမှုများအား (၁၀) ပိဿာတစ်အိတ်လျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် လက်လီ/လက်ကားအထိုင်ဈေးဖြင့် ရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)