လက်ပံတန်း၊ မြို့မဈေးအတွင်း၌ အများဆုံးရောင်းချလျက်ရှိသော ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခူ၊ ငါးကျည်း စသည့်ငါးများ၏ လက်လီရောင်းချပေးသောဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဧပြီလကုန်ထိ ငါးကြင်း(ဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ငါးခူ၊ ငါးကျည်းတစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ကျပ်မှ ၁၆၀၀ကျပ်ထိဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့ကြသော်လည်း မေလ၊ စတုတ္ထအပတ်တွင် ငါးကြင်း(ဖြူ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ ငါးခူ၊ ငါးကျည်းတစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ် ဈေးနှုန်းထိမြင့်တက်လာခဲ့ပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)