တောင်ငူမြို့တွင် ကြက်သွန်ဖြူဈေးဆက်လက်မြင့်တက်

Powered by Drupal

     တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်၌ တစ်ပိဿာလျှင် ၆၄၀၀ကျပ်ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

    ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်  ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကြက်သွန်ဖြူအသေးမှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၅၂၀၀ကျပ်မှ ယခုအပတ်တွင် ၅၅၀၀ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၅၆၀၀ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ၆၀၀၀ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်မှ ယခုအပတ်တွင် ၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

     အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၂၇၀၀ကျပ်၊ အကြီး ၂၈၀၀ကျပ်၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ငရုတ်သီးခြောက်အပုမှာ တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငရုတ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်နှင့် ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၄၈၀၀ကျပ်မှ ၅၀၀၀ကျပ်အထိ၊ မြေပဲဆံအဖြူမှာ တစ်ပိဿာလျှင် ၇၃၀၀ကျပ်မှ ၇၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံအနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၃၀၀ကျပ်မှ ၈၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)