“ပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၆၁၅)ဧက၊စုစုပေါင်း(၆၄၅၈)ဧက စိုက်ပျိုးထားရှိရာ ယခုအချိန်တွင် ခရိုင်အတွင်းရှိပဲတီစိမ်းများ ဖြိုင်ဖြိုင်ထွက်ရှိနေကြောင်း သိရှိရပါသည်။ ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စိမ်း ၊ ရေဆင်း(၁၁)မျိုး များကို အများဆုံးစိုက်ပျိုးကြပါသည်။ မတ်လဆန်းမှ စတင်စိုက်ပျိုးခဲ့ရာ ယခုဇွန်လဆန်းတွင် ပဲတီစိမ်းများ အများဆုံးထွက်ရှိလျက် ရှိပါသည်။ ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် သွင်းအားစုများ အပါအဝင် (၁)ဧကလျှင် ယခင်(၂၉၈၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး ယခင်နှစ်တွင် အထွက်နှုန်းအနေဖြင့် (၁၀)တင်း အထိထွက်ရှိပါသည်။ ပဲတီစိမ်း ဈေးနှုန်းအနေဖြင့် ယခင်နှစ်(၁)တင်းလျှင်(၅၂၀၀၀/)ကျပ် ဈေးနှုန်းရှိပြီး အကျိုးအမြတ်အနေဖြင့်(၂၂၂၀၀၀/-)ကျပ် ရရှိခဲ့ပြီး ယခုနှစ်(၁)ဧကလျှင် (၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျပြီး ယခုနှစ်အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းအထိ ထွက်ရှိပါသည်။ ယခုနှစ် စတင်ထွက်ရှိချိန်တွင် (၆၄၅၀၀/-)ကျပ် ဈေးနှုန်းရှိပြီး ပဲတီစိမ်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာပြီး ယခုလက်ရှိ ပဲတီစိမ်းပေါက်ဈေးမှာ (၆၀၅၀၀/)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။(၁)ဧက အကျိုးအမြတ်အနေဖြင့် အထွက်(၁၀)တင်းဖြင့် တွက်ချက်လျှင်(၃၀၅၀၀၀/-) ကျပ်ရရှိကြောင်း တောင်သူများ ပဲတီစိမ်းစိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး၍ အကျိုးအမြတ်များပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)