တောင်ငူမြို့တွင် ဆန်စပါးဈေးနှုန်းတည်ငြိမ်နေပြီး မတ်ပဲ၊ ပဲတီစိမ်း ဈေးအနည်းငယ်တက်လာ

Powered by Drupal

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ၁၀၃၀၀၀ကျပ်၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၉၈၀၀၀ကျပ်၊ ဧည့်မထ (မိုး) တစ်အိတ်လျှင် ၇၂၀၀၀ကျပ်၊ ဧည့်မထ (နွေ) တစ်အိတ်လျှင် ၅၈၀၀၀ကျပ်၊ မိုးစပါးတင်း၁၀၀လျှင် ၂၁၀၀၀၀၀ကျပ်နှင့် နွေစပါးတင်း၁၀၀လျှင် ၁၆၅၀၀၀၀ကျပ်တို့ဖြင့် မေလကုန်ပိုင်းအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မေလ၊ လကုန်ပိုင်းတွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၃၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၆၅၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၄၀၀၀ကျပ်၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၄၂၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ်လျှင် ၂၆၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

  မေလ၊ လကုန်ပိုင်းတွင် မတ်ပဲ (၃၀ပိဿာအိတ်) တစ်အိတ်လျှင် ၁၁၀၇၀၀ကျပ်၊ ပဲတီစိမ်း (၃၀ပိဿာအိတ်) တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် မတ်ပဲတစ်အိတ်လျှင် ၁၁၄၀၀၀ကျပ်၊ ပဲတီစိမ်းတစ်အိတ်လျှင် ၈၅၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ထိဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်ခဲ့ပြီး ပဲလွန်းဖြူ (၃၀ပိဿာအိတ်) မှာ မေလကုန်ပိုင်းတွင် တစ်အိတ်လျှင် ၆၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၆၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှ သိရပါသည်။

DOCA(ပဲခူး)