မိတ္ထီလာခရိုင်တွင်း ကုလားပဲကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်များတွင် စိုက်ပျိုးကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကုလားပဲ စိုက်ဧက (၄၆၇၅၃) ဧကနှင့် ရိတ်သိမ်းဧက (၄၆၇၅၃) ဧကရှိကြောင်း ၊ အထွက်စုစုပေါင်းမှာ (၄၇၅၁၅၉) တင်းရှိပါသည်။ ယခင်မေလဒုတိယပတ်၌ ကုလားပဲ V2 တစ်တင်းလျှင် (၇၂၀၀၀) ကျပ် စျေးနှုန်းရှိပြီး၊ ယခုဇွန်လ ဒုတိယပတ်၌ ကုလားပဲ V2 တစ်တင်းလျှင် (၈၅၀၀၀) ကျပ် စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လ ဒုတိယပတ်နှင့် ယခုလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ကုလားပဲ V2 တစ်တင်းလျှင် (၁၃၀၀၀) ကျပ်ခန့် စျေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ စျေးနှုန်းမြှင့်တက်ရခြင်းမှာ တောင်သူ၊ ကုန်သည်များထံ သီးနှံလက်ကျန်နည်းပါး၍ စျေးကွက်ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)