မကွေးမြို့ပေါ်၌ မိုးရာသီကာလ ပန်းအလှပင်၊ သီးပင်၊ စားပင်များ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

Powered by Drupal

  မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များစိုက်ပျိုးရောင်းချနေသောအရောင်းဆိုင်များ၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ပန်းအလှပင်များကို ကိုယ်တိုင်ပျိုးထောင်၍ မြေဩဇာကျွေးစိုက်ပျိုးကြပြီး စိုက်ပျိုးသောအပင်များမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် စံပါယ်ပင်အိတ်ကြီး (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ အိတ်သေး (၁) ပင်လျှင် ကျပ် (၁၅၀၀)၊ ဇွန်ပန်းပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၁၅၀၀)မှ ကျပ် (၂၅၀၀)၊ ဇလပ်ပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ မလေးစကားပန်းအလှပင် (၁) ပင်လျှင် ကျပ် (၅၅၀၀)၊ ရွက်လှပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ နှင်းဆီပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ သနပ်ခါးပင် (၁) ပင်လျှင် ကျပ် (၃၅၀၀)၊ ဇီဇဝါပင် (၁) ပင်လျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၅၀၀)၊ ထန်းအလှပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ လက်ကီးဂမုန်းပင် (၁) ပင်လျှင် ကျပ် (၄၀၀၀) မှ ကျပ် (၄၅၀၀)၊ မြတ်လေးပင် (၁) ပင်လျှင် ကျပ် (၂၅၀၀)၊ ယင်းမာပင် (၁) ပင်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ အာဆီယံသပြေ (၁) ပင်လျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀)၊ ရိုးရိုး (သပြေ) (၁) ပင်လျှင် ကျပ် (၁၅၀၀) တို့ဖြင့်ရောင်းချကြပြီး သီးပင်၊ စားပင်များအ‌နေဖြင့် သရက်ပင် (၁) ပင်လျှင် ကျပ် (၁၅၀၀) မှ ကျပ် (၂၀၀၀)၊ ဂွေးပင် (၁) ပင်လျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀)၊ သင်္ဘောပင် (၁) ပင်လျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀)၊ မာလကာပင်များကို ကိုင်းကူးပျိုးထောင်၍စိုက်ပျိုးကြပြီး (၁) ပင်လျှင် ကျပ် (၃၀၀၀) မှ ကျပ် (၃၅၀၀)၊ သံပရာပင် (၁) ပင်လျှင် ကျပ် (၂၀၀၀) မှ ကျပ် (၂၅၀၀)၊ ရှောက်ပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀)၊ ပိန္နဲပင် (၁) ပင်လျှင် ကျပ် (၂၅၀၀) မှ ကျပ် (၃၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းအလှပင်၊ သီးပင်၊ စားပင်စိုက်ပျိုးရောင်းချသူများထံမှ မေးမြန်းသိရှိရပါသည်။

DOCA(မကွေး)