မြင့်တက်လာသော ဘိလပ်မြေဈေးနှုန်း

Powered by Drupal

    ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး          အိမ်ဆောက်ပစ္စည်းမျိုးစုံကိုလည်း တင်သွင်းကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသောဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၉၈၀၀) ကျပ်၊ KBZ တစ်အိတ်လျှင် (၉၆၀၀) ကျပ်နှင့် Dragon တစ်အိတ်လျှင် (၉၆၀၀) ကျပ်ဖြစ်ပြီး ယခင်မေလအတွင်း ရောင်းချခဲ့သော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၁၀၈၀၀) ကျပ်၊ KBZ တစ်အိတ်လျှင် (၁၀၈၀၀) ကျပ်နှင့် Dragon တစ်အိတ်လျှင် (၁၀၈၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ  ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၁၀၀၀) ကျပ်၊ KBZ တစ်အိတ်လျှင် (၁၂၀၀) ကျပ်နှင့် Dragon တစ်အိတ်လျှင် (၁၂၀၀) ကျပ်ခန့်တို့မြင့်တက်လာခဲ့ကြောင်း လွိုင်ကော်မြို့အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)