ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

          ၂၀၂၃ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် (၄၅၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် လျှင် (၄၀၀၀)ကျပ်ဖြင့် ယခင် အပတ်ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ (အကြီး)တစ်ပိသာ(၃၀၀၀)ကျပ် ၊ (အလတ်) တစ်ပိသာ(၂၅၀၀)ကျပ် ၊ (အသေး) တစ်ပိသာ (၂၃၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)အလုံးကြီး တစ်ပိသာ (၈၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၆၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၈၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပါသည်။ ဂျင်း အညံ့ တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ ရှယ်စ တစ်ပိသာ (၁၂၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိပြီး ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင်အပတ် အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစား အလိုက် တစ်ပိသာ  (၂၈၀၀/၃၀၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

         ကုန်စိမ်းများဖြစ်သော ငရုပ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိသာ (၁၈၀၀)ကျပ် ဖြစ်နေပြီး ခရမ်းသီး  တစ်ပိသာ (၁၂၀၀) ကျပ် ယခင် အနည်းငယ်လျော့ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၂၀၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၅၀၀)ကျပ် ယခင်အထက် (၂၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦး ထံမှ သိရှိရပါသည် ။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၃၀၀)ကျပ်၊ (အသေး)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံး (၄၀၀)ကျပ်ရှိပါသည် ။  အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၂၀၀၀) ကျပ် ၊ အမဲသား တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျက်ရှိပြီး၊  ကြက်သား ဈေး အနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၆၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၈၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၁၀၀၀၀)  ငါးဈေးများမှာ ယခင်အပတ်ထက် အနည်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျှက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၆၈၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၆၇၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၁၀၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)