ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးမြေပဲများ စတင်စိုက်ပျိုးနေ

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်ချက်အရ ပခုက္ကူမြို့နယ်အတွင်းရှိ ချောက်ကန်ကျေးရွာအုပ်စုရှိ အနောက် ချောက်ကန်ကျေးရွာရှိ စိုက်ပျိုးတောင်သူတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

       ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ အနောက်ချောက်ကန်ကျေးရွာ၊ မန်ကျည်းကိုးပင် ကျေးရွာ၊ လက်ပန်ကန်ကျေးရွာများတွင် မြေပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၂၁၀၀)ဧကရှိပါသည်။ ယခုအခါတွင် မိုးမြေပဲကို စိုက်ပျိုးနေကြောင်း၊ မိုးမြေပဲ စတင် စိုက်ပျိုးချိန်မှာ မိုးဦးကျကာလ ကဆုန်လပြည့်ကျော်နှင့် နယုန်လများတွင် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုစနစ်မှာ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် (၃)တင်းခန့် စိုက်ပျိုးကြောင်း၊ မြေဆီ လွှာသုံးစွဲမှုမှာ အာမိုကိုသုံးစွဲပြီး (၃)အိတ်ခန့် အသုံးပြုရကြောင်း၊ ပေါင်းသတ်ဆေးအနေဖြင့် (LOGO-50cc)ပုလင်းကို အသုံးပြုကြောင်း၊ မြေဆီ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ ပိုးသတ်ဆေး တစ်ပုလင်း လျှင် ကျပ်(၃၅၀၀၀) ပေးရကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

       မြေပဲမျိုးစေ့မှာ တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀) ဝယ်ယူစိုက်ပျိုးရပြီး တစ်တင်းထွက်ရှိမှုမှာ မြေအမျိုးအစားကိုလိုက်၍ (၃၅ တင်းမှ ၄၀ တင်းထိ)ထွက်ရှိကြောင်း၊ လုပ်သားခမှာ တစ်မနက်လျှင် အမျိုးသားလုပ်သားခ ကျပ်(၅၀၀၀)၊ အမျိုးသမီးလုပ်သားခ ကျပ်(၃၀၀၀)ပေးရကြောင်း၊ စုစုပေါင်း လုပ်သား သုံးစွဲမှုမှာ ဧက အကျယ်အဝန်းပေါ်မှုတည်၍ (၅)ဦးမှ (၈)ဦးထိ သုံးစွဲရကြောင်း မြေပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)