ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာ၌ နှမ်းလှော်ထုတ်လုပ်မှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာတွင် နှမ်းလှော်လုပ်ငန်းကို အိမ်တွင်း စီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

   နှမ်းလှော်သည် တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချနိုင်သော စားသောက်ကုန်တစ်မျိုးဖြစ်ပါသည်။နှမ်းလှော်ရာတွင် နှမ်း(ဖြူ)များကို ပထမဦးဆုံး သဲများကင်းစင်စေရန်အတွက် ရေစိမ်ကာဇကာဖြင့် စစ်ယူရကြောင်း၊ စစ်ယူပြီးသောနှမ်း(ဖြူ)များကို အခွံကျွတ်စေရန် မောင်းထောင်းဆုံကို အသုံးပြုကြရကြောင်း၊ ထို့နောက် အခွံချွတ်ထားသော နှမ်း(ဖြူ)များကို အနည်းငယ်အခြောက်ခံကာ လှော်ရကြောင်း၊ နှမ်းလှော်လုပ်ငန်းလုပ်ကိုင်ရာတွင် နှမ်း(ဖြူ)များထောင်းရန် (၁)ဦး၊ နှမ်းလှော်ရန် (၂)ဦး စုစုပေါင်း လုပ်သား (၃)ဦး လိုအပ်ပါကြောင်း၊ တစ်နေ့လျှင် နှမ်း(ဖြူ) (၁၀)တင်းမှ (၁၀)တင်းနှင့် အထက်လှော်နိုင်ပါကြောင်း၊ နှမ်းဖြူ(၁)တင်းလျှင် ကျပ်(၁၀၆၀၀၀)ဝန်းကျင် ဝယ်ယူရပြီး နှမ်းလှော် တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ကျော်ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနိုင်ပြီး နှမ်းအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း၊ လှော်ပြီးသား နှမ်းများကို တင်းချိန်ဖြင့်သော်လည်းကောင်း၊ ပြည်ထုတ်ဖြင့်သော်လည်းကောင်း ထုပ်ပိုး၍ ဈေးကွက်အနေဖြင့် ကျောက်ပန်းတောင်းမြို့ အတွင်းနှင့် မြို့မဈေးအတွင်းရှိ လက်ဖက်ဆိုင်များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပါကြောင်း ဂွေးပင်ချိုရွာနေ နှမ်းလှော်လုပ်ကိုင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)