ပခုက္ကူကုန်စည်ဒိုင်၏ သီးနှံစုံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်  ဇွန်လ၊ ဒုတိယအပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းကြီး၊ ပဲဇီးကွက်၊ စွန်တာနီ၊ ပဲယင်းနီ၊ ပြောင်းဖူးစေ့(CP)၊ ကုလားပဲအမျိုးမျိုးနှင့် အညာဒေသထွက် မန်ကျည်းတောင့်တို့ အရောင်းအဝယ်ဖြစ်နေပါသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၉၉၈၀၀-၁၀၂၄၀၀-၁၀၅၆၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ကျပ် (၄၅၀၀၀ မှ ၅၈၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၄၉၀၀၀)၊ စွန်တာနီ(ယော)တစ်တင်းလျှင် ကျပ် (၅၂၀၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ် (၇၃၂၀၀)၊ ပြောင်းဖူးစေ့(CP)တစ်တင်းလျှင် ကျပ် (၁၉၇၀၀)၊ စားတော်ပဲ(ထီးလင်း)တစ်တင်းလျှင် ကျပ် (၁၃၄၀၀၀)၊ ကုလားပဲဝါလုံးကြီး(929)တစ်တင်းလျှင် ကျပ် (၈၉၀၀၀-၉၁၀၀၀-၉၂၀၀၀)၊ ကုလားပဲဖြူလုံးကြီး(V2/V6)တစ်တင်းလျှင် ကျပ်(၉၁၅၀၀-၉၂၀၀၀)၊ ကုလားပဲဝါ(HL)တစ်တင်းလျှင် ကျပ် (၈၈၀၀၀)၊ မန်ကျည်းတောင့်တစ်ပိဿာလျှင် ကျပ် (၈၅၀- ၉၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

     အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစင်းငုံနီ (၁၅၀၀) အိတ်၊ ပဲတီစိမ်းကြီး (၁၂၀၀) အိတ်၊ ပဲဇီးကွက် (၁၀၀) အိတ်၊ စွန်တာနီ (၁၅၀) အိတ်၊ ပဲယင်းနီ (၃၀၀) အိတ်၊ ပြောင်းဖူးစေ့(CP) (၁၅၀) အိတ်၊ စားတော်ပဲ(ထီးလင်း) (၅၀) အိတ်၊ ကုလားပဲဝါလုံးကြီး (929) (၂၀၀) အိတ်၊ ကုလားပဲဖြူလုံးကြီး(V2/ V6) (၄၀၀) ကျပ်၊ ကုလားပဲဝါ (HL) (၁၀၀) ကျပ်၊ မန်ကျည်းတောင့်ကုန်ချိန် (၈၀၀၀) ပိဿာဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်နှင့် ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)