ပခုက္ကူမြို့၏ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများ

Powered by Drupal

    ပခုက္ကူဒေသသည်  စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့်    အခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းဖြင့်လည်းကောင်း၊ ရွှေဘိုခရိုင်နှင့် စလင်း၊ ဆင်ဖြူကျွန်းဒေသများမှ ကုန်းလမ်းဖြင့်လည်းကောင်း နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောဈေးနှုန်းများမှာ အများစားသုံးသောဆန်ဖြစ်သည့် မြောင်းမြဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ စလင်းမြို့နယ်ထွက် ရှောက်တောဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ် (၉၇၀၀၀)၊ မနောသုခဆန်တစ်အိတ်လျှင် ကျပ် (၇၉၀၀၀)၊ ရေဆင်းဆန်တစ်အိတ်လျှင် ကျပ် (၇၇၀၀၀)၊ မနောဖြူဆန်တစ်အိတ်လျှင် ကျပ် (၈၃၀၀၀)၊ ရွှေဘိုဧရာမင်းဆန်တစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ မြောင်းမြဧရာမင်းဆန်တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ ဝန်ကြီးရွှေထိုက်တစ်အိတ်လျှင် ကျပ် (၉၈၀၀၀)၊ မနောဖြူဆန်တစ်အိတ်လျှင် ကျပ် (၈၃၀၀၀)၊ နေလဧရာမင်းဆန်တစ်အိတ်လျှင် ကျပ် (၉၈၀၀၀)၊ နေလဝန်ကြီးဆန်တစ်အိတ်လျှင် ကျပ် (၉၇၀၀၀)၊   ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသောဆန်ဖြစ်ပြီး ရွှေဘိုမှလာသောပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၁၁၀၀၀၀)၊ မြောင်းမြမြို့မှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)