မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိူးနိုင်ခဲ့ပြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းစိုက်ဧက(၄၂၇၇၀)ဧက စိုက်ပျိုးထားပါသည်။ မိုခါမုန်တိုင်းဒဏ်ကြောင့် ခရိုင်အတွင်း ရေဝပ်သောနေရာနှင့် ချိုင့်ကျသောနေရာများတွင် နွေနှမ်းစိုက်ဧက အနည်းငယ်ပျက်စီးခဲ့ပြီး ကျန်နွေနှမ်း စိုက်ဧကများမှာ အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိပါသည် ။ ယခုအချိန်တွင်နွေနှမ်းများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိပါသည်။ နွေနှမ်း တစ်ဧကကုန်ကျစရိတ်အနေဖြင့် သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၂၆၀၀၀၀/)ကျပ်ဝန်းကျင် ကုန်ကြကြောင်း သိရှိရပါသည်။ စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည် ။ နှမ်းဈေးနှုန်းများအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူတစ်တင်းလျှင်(၅၉၀၀၀/)ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင်(၅၄၀၀၀/)ကျပ်၊ နှမ်းနက်စမုံတစ်တင်းလျှင်(၅၂၀၀၀/)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၅၄၀၀၀/)ကျပ် ဈေးနှုန်းများရှိပြီး ယခုလက်ရှိ နှမ်းဈေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၂၃၀၀၀/)ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်း (၉၅၀၀၀/)ကျပ်၊ နှမ်းညို တစ်တင်းလျှင်(၁၀၀၀၀၀/)ကျပ် ၊ နှမ်းနက်စမုံ တစ်တင်းလျှင် (၉၇၀၀၀/)ကျပ် ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုလက်ရှိ နှမ်းဆီဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၃၀၀၀/)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း နှမ်းဈေးနှုန်းနှင့် နှမ်းဆီဈေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသော တောင်သူများ အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)