ပခုက္ကူမြေပဲဈေးကွက်၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲဈေးများမှာ ဈေးအေးနေကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဇွန်လ၊ ဒုတိယအပတ်တွင် (၃) လမြေပဲများမှာ အနည်းငယ်သာဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် အေးလျက်ရှိကြောင်းသိရှိရသည်။ (၃) လမြေပဲဆံများမှာ လက်လီဈေးတစ်ပိဿာလျှင် ကျပ် (၆၇၀၀) မှ ကျပ် (၆၈၅၀)ထိဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၇၅၀၀) မှ ကျပ် (၈၀၀၀) ရှိကြောင်းသိရှိရသည်။ မြေပဲဆံဈေးနှုန်းမှာ အနည်းငယ်ကျဆင်း၍ မြေပဲဆီအနေဖြင့် ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် တစ်ပိဿာလျှင် ကျပ် (၁၀၀၀) နှုန်း ဈေးအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှတစ်ဆင့်သိရှိရပြီး မြေပဲဖတ်ခွေမှာ တစ်ပိဿာလျှင် ကျပ် (၃၀၀၀) ရှိကြောင်းသိရှိရသည်။
ပခုက္ကူမြေပဲဈေးကွက်သို့ ဇွန်လ၊ ဒုတိယအပတ်တွင် မြေပဲအတောင့်၊ အဆံများမှာ ဝင်ရောက်မှုနည်းပြီး အရောင်းအဝယ်အေး၍ ဈေးနှုန်းများမှာလည်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။ ပခုက္ကူမြို့ပေါ်ရှိ မြေပဲကုန်သည်/ပွဲစားများသည် ယခင်ဝယ်ယူသိုလှောင်ထားသော မြေပဲများကိုသာ ကြိတ်ခွဲထုတ်လုပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)