“မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

    ၂၀၂၃ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အမှတ် (၁၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသစ်ပင်စိုက်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များတက်ရောက်ခဲ့‌ကြောင်း သိရှိရသည်။

  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် သစ်တော/သစ်ပင်ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရန်၊ သစ်တောစိုက်ခင်းများထူထောင်နိုင်ရန်ရည်ရွယ်ကာ သစ်တော/သစ်ပင်ပြုန်းတီးမှုများကို ပြည်လည်အစားထိုးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုနှင့် ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

  ထို့နောက် တက်ရောက်လာသူများက ဒေသမျိုးရင်းအဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် အပင်အမျိုးမျိုးကိုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)