မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲသီးနှံတို့အား အဓိကစိုက်ပျိုးကြသော်လည်း ဆန်မှာ ဒေသဝမ်းစာဖူလုံမှုမရှိ၍ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ဝယ်ယူစားသုံးနေရပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ “နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာလျှင် နိုင်ငံတော်ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဟူသော လမ်းညွှန်မှာကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် နွေစပါး ဧက (၅၀၀၀၀) စိုက်ပျိုးရန်လျာထားခဲ့ရာ ယခုအချိန်နွေစပါးများလည်း စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။
၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန် (၃၃၅၅၃) အိတ် စစ်ကိုင်းတိုင်းမှ (၃၇၀) အိတ်၊ ရန်ကုန်တိုင်းမှ (၁၈၀၀) အိတ်၊ ပဲခူးတိုင်းမှ (၂၃၅၅) အိတ်နှင့် မန္တလေးတိုင်းမှ (၉၁၀) အိတ်၊ စုစုပေါင်း (၃၈၉၈၈) အိတ်ဖြင့် (၁၉၄၉.၄) တန်ဝင်ရောက်ခဲ့ပြီး ဒေသတွင်း အရောင်းအဝယ်ဖြစ်နေသော ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ (ပွင့်ဖြူ) ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၇၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ) ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၀၀၀၀-၈၇၀၀၀)၊ ပေါ်ဆန်းမွှေး (ရွှေဘို) ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀-၁၁၀၀၀၀)၊ ပေါ်ဆန်းမွှေး (မြောင်းမြ) ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၀၀၀၀-၉၃၀၀၀)၊ မနောသုခ (မြောင်းမြ) ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၅၀၀၀-၈၀၀၀၀)၊ ဖန်သီး ၂၄-ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၅၀၀၀-၈၀၀၀၀)၊ သီးထပ် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၅၀၀၀-၆၉၀၀၀)၊ ရတနာတိုး ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၅၈၀၀၀-၆၃၀၀၀) နှင့် ရက် (၉၀) မျိုး ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၈၀၀၀-၇၅၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(မကွေး)