မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိကျေးရွာများဖြစ်သော ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး) (၁)ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၄၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀)၊ မျှစ်(တောင်ရိုး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ မျှစ်(ဝါ)(၁)ပိဿာလျှင် ကျပ် (၂၂၀၀-၂၄၀၀)၊ ကင်းမွန်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၄၀၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပြည်လျှင် ကျပ်(၂၅၀၀-၂၇၀၀)၊ ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၄၀၀)၊ မေမြို့ပဲသီး(အပြား) (၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၄၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၂၅၀-၃၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဒညင်းသီးတစ်လုံးလျှင် ကျပ်(၅၀-၈၀)၊ ပဲရှည်သီး(ပဲလင်းမြွေသီး)တစ်ချောင်းလျှင် ကျပ်(၄၅၀)၊ မုန့်လာဥဖြူ(၅)လုံးပါ တစ်တွဲလျှင် ကျပ်(၃၅၀-၄၀၀)၊ မုန့်လာထုပ်တစ်ထုပ်လျှင် ကျပ်(၉၀၀-၁၂၀၀)၊ ခါကြက်ဥ(ထိုင်ဝမ်) (၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၇၀)၊ ဘူးရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ နံနံပင်တစ်စည်းလျှင် ကျပ်(၁၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၅၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မန်ကျည်းသီးမှည့်(အစေ့လွတ်)(၁)ပိဿာလျှင် ကျပ်(၃၃၀၀-၃၅၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀-၈၀၀၀)၊ ကုလားပဲခြမ်း(အနီဆံ)(၁)ပြည်လျှင် ကျပ်(၈၀၀၀-၈၂၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)