Main menu

ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊ မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိကျေးရွာများဖြစ်သော ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း ရေစကြိုမြို့မဈေး၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ခရမ်းချဉ်သီး(အင်းသီး) (၁)ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၄၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀-၃၂၀၀)၊ မျှစ်(တောင်ရိုး)(၁)ပိဿာလျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ မျှစ်(ဝါ)(၁)ပိဿာလျှင် ကျပ်  (၂၂၀၀-၂၄၀၀)၊ ကင်းမွန်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၄၀၀၀)၊ ဆင်ခြေယာငရုတ်သီးခြောက်(၁)ပြည်လျှင် ကျပ်(၂၅၀၀-၂၇၀၀)၊ ကြက်သွန်နီ(၁) ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၉၀၀၀-၁၀၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၄၀၀)၊ မေမြို့ပဲသီး(အပြား) (၁)ပိဿာလျှင် ကျပ်(၂၂၀၀-၂၄၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၂၅၀-၃၀၀)၊ သခွားသီးတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဒညင်းသီးတစ်လုံးလျှင် ကျပ်(၅၀-၈၀)၊ ပဲရှည်သီး(ပဲလင်းမြွေသီး)တစ်ချောင်းလျှင် ကျပ်(၄၅၀)၊ မုန့်လာဥဖြူ(၅)လုံးပါ တစ်တွဲလျှင် ကျပ်(၃၅၀-၄၀၀)၊ မုန့်လာထုပ်တစ်ထုပ်လျှင် ကျပ်(၉၀၀-၁၂၀၀)၊ ခါကြက်ဥ(ထိုင်ဝမ်) (၁)ပိဿာလျှင်  ကျပ်(၇၅၀၀-၈၀၀၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၇၀)၊ ဘူးရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ နံနံပင်တစ်စည်းလျှင် ကျပ်(၁၀၀)၊ သံပရာသီး(၁)လုံးလျှင် ကျပ်(၅၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၃၅၀)၊ မန်ကျည်းသီးမှည့်(အစေ့လွတ်)(၁)ပိဿာလျှင် ကျပ်(၃၃၀၀-၃၅၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၇၅၀၀-၈၀၀၀)၊ ကုလားပဲခြမ်း(အနီဆံ)(၁)ပြည်လျှင် ကျပ်(၈၀၀၀-၈၂၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရေစကြိုမြို့မဈေးအတွင်းရှိ ရောင်းချသူဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)