ပခုက္ကူမြို့မစည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော ငါးခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ကိုဗစ်(၁၉)ဈေးတို့တွင် မြန်မာပြည်အောက်ပိုင်းဒေသမှ ဧရာဝတီတိုင်းသေကြီးရှိ မြို့နယ်များနှင့် ရခိုင်ပြည်နယ်ရှိ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထွက်ရှိရာမြို့နယ်များမှ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငါးခြောက်များမှာ ငါးနီတူခြောက်၊ ငါးပုတ်သင်ခြောက်၊ အားဗြဲခြောက် (ခေါ်) ငါးဖေါင်ရိုးခြောက်၊ မီးတန်သွယ်ခြောက်၊ ငါးစင်းလုံးခြောက်၊ ငါးရံ့ခြောက်၊ ငါးရခွန်ခြောက်နှင့် ပုစွန်ခြောက်အမျိုးမျိုးတို့အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ရောင်းချလျက်ရှိသော ငါးခြောက်အမျိုးမျိုး၏ဈေးနှုန်းများမှာ ငါးနီတူခြောက်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးပုတ်သင်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ အာဗြဲခြောက်(ခေါ်)ငါးဖေါင်ရိုးခြောက်တစ်ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ မီးတန်သွယ်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးစင်းလုံးခြောက်တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ကျပ်(၃၅၀၀၀-၅၀၀၀၀)၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)နှင့်    ပုစွန်ခြောက်အမျိုးမျိုးဈေးနှုန်းများမှာ ပုစွန်ခြောက်အကြီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုစွန်ခြောက်အလတ်တစ်ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ပုစွန်အသေး အသားခြောက်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ မျှင်ငါးပိတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၈၀၀၀)၊ ငံပြာရည်(၅၀)ကျပ်သားတစ်ပုလင်းလျှင် ကျပ်(၁၂၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာ‌ဈေးနှင့် အမှတ်(၂)ရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)