ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် စားအုန်းဆီများရောင်းချ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်များပူးပေါင်းကာ (၇-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ စားအုန်းဆီများကို ကန့်ဘလူမြို့တွင်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၏လက်ဝယ်အရောက် သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

   အဆိုပါ စားအုန်းဆီများရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ စားအုန်းဆီ(၁)ပိဿာလျှင် (၅၂၀၀)ကျပ်နှင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် နိုင်ငံ့ဝန်ထမ်း (၁၄၀၃)ဦးအားရောင်းချပေးခဲ့ကြောင်း၊ ခွဲတမ်းရရှိသည့်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆီကုန်သည် ဦးနွေဦးထံမှသိရပါသည်။

DOCA(စစ်ကိုင်း)