စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်း ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သော မိတ်ဖက်အဖွဲ့များဖြင့်ပူးပေါင်း၍ ကံမမြို့အမှတ်(၁/၂/၃/၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၆)ဆိုင်များတွင် စားသုံးဆီအတုပြုလုပ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချမှုနှင့် စားအုန်းဆီများအား မြေပဲဆီ၊ နှမ်းဆီ စသည့်အနံ့များရရှိစေရန် ရောစပ်သောဓာတုကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ကုန်စုံဆိုင်များအား စားသုံးဆီအတုပြုလုပ်၍ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းနှင့် စားအုန်းဆီများတွင် မြေပဲဆီ၊နှမ်းဆီ စသည့်အနံ့ များရရှိစေရန် ရောစပ်သောဓာတုကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှုမရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာ ဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်နှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန် ရက်စွဲများထည့်သွင်းဖော်ပြသည့် ကုန်စည်များအလေးထားရောင်းချစေရန် အသိပညာပေးဆွေးနွေး ပြောကြားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မကွေး)