ကံမမြို့၌ အသိပညာပေးဟောပြောပွဲ Talk Show ဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းသည် (၉-၁၀-၂၀၂၃) ရက်နေ့ ၊နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

    အဆိုပါ Talk Show ပွဲတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ(၄၃)အရ ပုဒ်မ(၄၁)(ခ)နှင့်(ဆ)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်တွင် အမျိုးအမည်၊ (အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ)၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ စသည့်အချက်(၇)ချက်ကို မဖြစ်မနေထည့်သွင်းထုတ်လုပ်ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြား‌ ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)၊ DOCA Myanmar mobile application၊ www.doca.gov.mm၊  Consumer Call Center (1535) သို့ အသီးသီး ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)