ကံမမြို့နယ်၌ စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏စီစဉ်ပေးမှုအရ (၉-၁၀-၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃း၀၀)နာရီမှ (၁၈း၀၀)နာရီ အချိန်အထိ ကံမမြို့နယ် နတ်မီးကျေးရွာ၊ ခြောက်ပင်ကျေးရွာ၊ ရေနံ့သာကျေးရွာ၊ တောမ‌ကျေးရွာ၊ ကျောက်စောင်းကျေးရွာ၊ ကျီးမီးကျေးရွာ၊ ကျောက်ပ‌ဒေါင်းကျေးရွာ၊ ရွာသာယာကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ ကျွန်းကလေးကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၂၂၀၀)တို့အား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၁၀၀)ဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးမှုအား ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများနှင့် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)