ကမ္ဘာ့သကြားထုတ်လုပ်မှုသည် တန်ချိန် ၂.၄ သန်းအထိ ရောင်းလိုအား လိုအပ်ချက်ဖြစ်ပေါ်နိုင်

Powered by Drupal

အောက်တိုဘာလတွင် စတင်ခဲ့သော ၂၀၂၃-၂၀၂၄ ဈေးကွက်ရာသီတွင် ကမ္ဘာ့သကြား ထုတ်လုပ်မှုသည် မျှော်မှန်းထားသော သကြားစားသုံးမှုအပေါ် မက်ထရစ်တန်ချိန် ၂.၄ သန်း ခန့် ရောင်းလိုအား လိုအပ်ချက် လျော့နည်းမှု ဖြစ်နိုင်ကြောင်း စီးပွားရေးအတိုင်ပင်ခံလုပ်ငန်း ဖြစ်သော CovrigAnalytics ကုမ္ပဏီ၏ အစီရင်ခံတွင် ဖော်ပြခဲ့ပါသည်။
ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ သကြားထုတ်လုပ်မှု များပြားခဲ့သော်လည်း စိုထိုင်းဆနည်းပါးမှုကြောင့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၌ ကြံစိုက်ခင်းများ ကြီးမားစွာ ထိခိုက် ဆုံးရှုံးမှုမှ သကြားထုတ်လုပ်မှုလျော့ကျခြင်းကို ချေဖျက်နိုင်လောက်အောင် လုံလောက်မှု မရှိ ကြောင်းဖြင့် ၎င်းအကြံပေးလုပ်ငန်းအဖွဲ့က ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ၏ သကြားဝယ်လိုအားအပေါ် တန်ချိန် ၄၄၀၀၀၀ ဖြင့် များပြားစွာ လျှော့ချ ခဲ့သော်လည်း သကြားလိုအပ်ချက်မှာ မြင့်မားနေခဲ့ပါသည်။ အဆိုပါအကြံပေးအဖွဲ့အနေဖြင့် ကမ္ဘာ့ သကြားထုတ်လုပ်မှုသည် ၂၀၂၂-၂၀၂၃ တွင် တန်ချိန် ၁၈၉.၄ သန်း ရှိခဲ့သော်လည်း ၂၀၂၃-၂၀၂၄ တွင် တန်ချိန် ၁၈၇.၅ သန်းဖြင့် ယခင်နှစ်ထက် လျော့ကျမည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။
နှစ်စဉ်သကြားဝယ်လိုအားအနေဖြင့် ၂၀၂၂-၂၀၂၃ တွင် တန်ချိန် ၁၈၈.၁၆ သန်း ခန့်မှန်းခဲ့ သော်လည်း ၂၀၂၃-၂၀၂၄ တွင် ယခင်နှစ်ထက် ဝယ်လိုအားမြင့်မားလျက် တန်ချိန် ၁၈၉.၈ သန်းဖြင့် ခန့်မှန်းထားခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံများသည် လက်ရှိတွင် လျော့နည်းနေသော လက်ကျန်များ ကိုသာ ဆက်လက်စားသုံးလိမ့်မည်ဖြစ်ကြောင်းဖြင့် သိရပါသည်။
အစီရင်ခံစာအရ ယခုလတ်တလောဖြစ်ပေါ်နေသော ရောင်းလိုအားနှင့်ဝယ်လိုအားဆိုင်ရာ ကိန်းဂဏန်းများသည် သကြားဈေးကွက်အပေါ် ကြီးမားစွာ အတက်အကျမဖြစ်ပေါ်နိုင်သဖြင့် သကြားကုန်ကြမ်းရောင်းဝယ်ခြင်းဆိုင်ရာ စံပြုစာချုပ်ပါ သကြားကြိုပွိုင့်ဈေးနှုန်း များသည် လက်ရှိအဆင့်များထက် တစ်ပေါင်လျှင် ၂% နှင့် ၃% အနိမ့်အမြင့်အကြားဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နိုင်ကြောင်း သိရပါသည်။
သကြားတင်သွင်းနေသောနိုင်ငံများသည် လက်ရှိ အမြင့်ဈေးနှုန်းဖြင့် သကြားဝယ်ယူရန် အခက်အခဲများစွာရှိကြောင်း၊ ICE Exchange ဈေးကွက်၌ သကြားကုန်ကြမ်း ကြိုပွင့်ဈေးနှုန်းသည် ယခင်ရက်သတ္တပတ်၌ ၁၂ နှစ်အတွင်း ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဖရိကအနေဖြင့် ငွေမာရရှိရေးအတွက် ရုန်းကန်နေရဆဲဖြစ်သည့်အပြင် ကုန်ပမာဏအနည်းငယ် ဝယ်ယူမှုအတွက် ညီမျှသောဒေါ်လာငွေကြေးပမာဏကို ပေးချေနေရကြောင်း၊ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် သကြားအစား အခြားအချိုဓာတ်ရရှိသော သီးနှံကို ပြောင်းလဲ အသုံးပြု ဖွယ်ရှိကြောင်းဖြင့် CovrigAnalytics က ပြောကြားထားပါသည်။
Source: Bangkok Post, 14 Nov 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)