
ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့၌ ဝင်ရောက်လျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအပူချိန်မြင့်မားသည့်အတွက် နံနံပင်များအထွက်နည်းသွားသဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ နံနံပင်တစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၀၀၀ခန့်အထိရှိခဲ့ရာမှ ယခုမေလ ပထမပတ်တွင် ကျပ်၁၃၀၀၀မှ ကျပ်၁၆၀၀၀အထိမြင့်တက်သွားပြီး ယခင်အချိန်က (၁၀)တစ်စည်းလျှင် ကျပ်၅၀မှ ကျပ်၁၀၀အထိရှိခဲ့ကာ ယခုအချိန်တွင် (၂)ပင်စည်း/ (၃)ပင်စည်းပါ တစ်စည်းလျှင် ကျပ်၂၀၀ဖြင့် အနည်းဆုံးရောင်းချနေကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)