Main menu

ပြည်နံနံပင်ဈေးကွက်ဈေးနှုန်းမြင့်တက်

Powered by Drupal

      ပြည်ဈေးကွက်အတွင်း ယခုကာလတွင် နံနံပင်ဈေးနှုန်းများမြင့်တက်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်တို့၌ ဝင်ရောက်လျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုအပူချိန်မြင့်မားသည့်အတွက် နံနံပင်များအထွက်နည်းသွားသဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းမှာ နံနံပင်တစ်ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၆၀၀၀ခန့်အထိရှိခဲ့ရာမှ ယခုမေလ ပထမပတ်တွင် ကျပ်၁၃၀၀၀မှ ကျပ်၁၆၀၀၀အထိမြင့်တက်သွားပြီး ယခင်အချိန်က (၁၀)တစ်စည်းလျှင် ကျပ်၅၀မှ ကျပ်၁၀၀အထိရှိခဲ့ကာ ယခုအချိန်တွင် (၂)ပင်စည်း/ (၃)ပင်စည်းပါ တစ်စည်းလျှင် ကျပ်၂၀၀ဖြင့် အနည်းဆုံးရောင်းချနေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)