ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးဦးဇေမောင်မောင် တို့ပါဝင်သောအဖွဲ့များသည် (၁၆-၅-၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်( ယုဇန ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ(ယုဇန) ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော MT စန္ဒီ ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ကျောက်မှုန့်၊ အရက်၊ အထွေထွေစားသောက်ကုန်မျိုးစုံ၊ လူသုံးကုန်မျိုးစုံများကို တင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)