စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများလိုက်ပါ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ၂၀၂၄ခုနှစ်၊ မေလ(၁၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးရှိ စားအုန်းဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         အဆိုပါအရောင်းဆိုင်များတွင် ကိုယ်စားလှယ်ဖြန့်ဝေပေးသည့် ဈေးနှုန်းအပေါ်  ပြန်လည်ရောင်းချသည့် ဈေးနှုန်းဆိုင်းဘုတ်များ ချိတ်ဆွဲရောင်းချမှုရှိ/ မရှိနှင့် ပြင်ပပုံးဆီများဝယ်ယူပြီး ရောင်းချသည့် ဈေးနှုန်းဘောက်ချာများကိုစစ်ဆေးခဲ့ကြသည်။ အရောင်းဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)