သာကေတမြို့နယ်ရှိ (မြန်မာ့ကြယ်ငါးပွင့်) ဆိပ်ကမ်းသို့သွားရောက်စစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိုး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်နှင့်   အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သောအဖွဲ့များသည် 23-5-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်ရှိ (မြန်မာ့ကြယ်ငါးပွင့် ) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV ROYAL SEVEN ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ပြောင်းဆံများတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုကုန်ပစ္စည်းများမှာ တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  ၎င်းတို့ကို BLACK SHEET Co., Ltd မှ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)