ပေါင်မြို့နယ်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ (၂၃-၅-၂၀၂၄) ရက်နေ့၌ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ကဒါရပ်ကွက်နှင့် မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေးရန်အတွက် အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မားမား၊ ယမ်ယမ်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)