မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်တွင် အသင့်စားခေါက်ဆွဲခြောက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍   (၂၇-၅-၂၀၂၄) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ဈေးကြိုးရပ်ကွက်ရှိ ကုန်စုံဆိုင် (၅) ဆိုင်သို့ သွားရောက်၍ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မားမား၊ ယမ်ယမ်အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)