စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မတ်လတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနတွင် ဝန်ထမ်းမိသားစုများအား စားသုံးသူအသိပညာပေးခြင်း၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်  စားသုံးသူအသိပညာပေးခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်တိုင်းဦးစီးမှူးဦးဆောင်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို လေ့လာထားရန်နှင့် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးဟောပြောခြင်း၊  ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်ဦးစီးမှူးရုံးတွင် ရေသန့်လုပ်ငန်းရှင်များအသင်းအားလည်ကောင်း၊ ကလေးခရိုင်၊ တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ “ပညာအလင်းတံခါး” ကိုယ်ပိုင် အထက်တန်းကျောင်းတွင်လည်းကောင်း၊  ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ခေတ်ကြိုက်” သောက်ရေသန့်စက်ရုံတွင်လည်ကောင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မြို့မဈေးတွင်ဈေးသည်များအားလည်းကောင်း၊  စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ခရိုင်ပြန်ဆက်မှဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင်လည်ကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ဝန်ထမ်းများအားလည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ အ.ထ.က(၂)တွင် ပြုလုပ်သည့် အလယ်အလတ်အဆင့် မွမ်းမံသင်တန်းတွင်လည်ကောင်း၊ မုံရွာခရိုင်၊ မုံရွာမြို့ စက်မှုဇုန်ရှိ “ရာဇာ” ပဲကြော်စက်ရုံတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ကုန်းဘောင်ရပ်ရှိ အကျဉ်းဦးဌာနတွင်လည်းကောင်း၊ စုစုပေါင်း (၁၂)ကြိမ်နှင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

     လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၃)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ စုစုပေါင်း(၂၇)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးပို့ရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သောလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)