Medi Health Co.,Ltd အား ဌာနဆိုင်ရာအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

     ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင်တို့ပူးပေါင်း၍ ၂၉-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၀:၃၀) နာရီအချိန်တွင် အမှတ်(270)၊ အခန်း(၇/အေ)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ Medi Health Co.,Ltd မှ  ဆိုင်မန်နေဂျာနှင့်သွားရောက်တွေ့ဆုံကာ ဆေးကုမ္ပဏီအတွင်းရှိ ဆေးနှင့် ဆေးဆက်စပ်ပစ္စည်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးကုမ္ပဏီတွင် ဆေးပစ္စည်း(၁၂)မျိုးရှိပြီး၊ အဆိုပါဆေးဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းဖြန့်ချိရောင်းချကြောင်း၊ အဆိုပါနိုင်ငံမှ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းထက် ဈေးနှုန်းမြှင့် တင်ရောင်းချမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)