ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည် သာကေတမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ၃၁-၅-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် အမှတ်(၁၂၁၅)၊ ခိုင်ရွှေဝါလမ်း၊ သာကေတမြို့နယ်ရှိ ပိုင်ဆေးဆိုင်အား ဆိုင်တာဝန်ခံ ဒေါ်သင်းအိထွေးနှင့်သွားရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိ ဆေးဝါးများရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်အတွင်းရှိ ဆေးဝါးအမျိုးအမည်မှာ (100)ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို မင်္ဂလာဈေးရှိ ကိုကျော်သူ၊ ကေကေ၊ မင်္ဂလာ စသည့်ဆေးဆိုင်များမှ ဝယ် ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်းအပေါ် ၅%အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ပစ္စည်းပြတ်လပ်မှုမရှိမရှိကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)