မေလအတွင်းအိန္ဒိယပို့ကုန်ဈေးကွက် တိုးမြှင့်လာ

Powered by Drupal

        ယခုနှစ်အစောပိုင်းမှစ၍ မေလအထိ အိန္ဒိယ ပို့ကုန်ဈေးကွက်အဆိုအရ အိန္ဒိယ ပို့ကုန်ဈေးကွက် ၉.၁ ရာခိုင်နှုန်းထိတိုးတက်မှုရှိပြီး ပို့ကုန်များအနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ ဖြစ်ကြောင်း သောကြာနေ့တွင် ဖော်ပြထားသည့် အိန္ဒိယအစိုးရ၏ သတင်းအချက်အလက်ဒေတာများအရ သိရှိရသည်။

        မေလအတွင်းတွင်ပင် သွင်းကုန်အနေဖြင့်လည်း ၇.၇ ရာခိုင်နှုန်းတိုးမြှင့်လာပြီး ၆၁.၉၁ ဘီလီယံ ကျပ်ခန့်သွင်းကုန် များတင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးလိုငွေအနေဖြင့် ၂၃.၇၈ ဘီလီယံရှိခဲ့ပြီး အိန္ဒိယ စီးပွားရေးပညာရှင်များက ၁၉.၅ဘီလီယံထိ့်  ကုန်သွယ်ရေးလိုငွေပြမှုတိုးမြှင့်နိုင်ကြောင်း REUTERS ၏ စစ်တမ်း အရသိရှိရသည်။

      ယခင်ဘဏ္ဍာရေးနှစ်တွင် ၃.၁ ရာခိုင်နှုန်း မှ ၄၃၇ ဘီလီယံသို့ ကျဆင်သွားသည့် ကုန်ပစ္စည်း တင်ပို့မှုသည် ကမ္ဘာ့ကုန်သွယ်မှုတွင် ခန့်မှန်းထားသော ပြန်လည်ဦးမော့လာမှု၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်း ငွေကြေး ဖောင်းပွမှုအတွက် အစိုးရ၏ မက်လုံးများဖြင့် အထောက်အကူဖြစ်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

        ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငွေကြေးဖောင်းပွမှု လျော့ပါးသွားကာ ပိုမိုကောင်းမွန်သော ဝယ်လိုအားနှင့် အိန္ဒိယမှ သွင်းကုန်များ မြင့်တက်လာနိုင်သည်ဟု ကုန်သွယ်ရေးအတွင်းဝန် Sunil Bharthwal က ကိန်းဂဏန်းများကို ထုတ်ပြန်စဉ်တွင် ပြောကြားခဲ့သည်။

      “ဒီဘဏ္ဍာနှစ်အတွင်း အိန္ဒိယပို့ကုန်တွေအတွက် အပြုသဘောဆောင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ” ဟု ၎င်းက ပြောကြားပြီး ကုန်ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်သို့ တိုးမြှင့်တင်ပို့ခြင်းဖြင့် အထောက် အကူဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

            မေလတွင် ဝန်ဆောင်မှုများ တင်ပို့မှုမှာ ခန့်မှန်းခြေ ဒေါ်လာ ၃၀ ဒသမ ၁၆ ဘီလီယံရှိပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၁၇ ဒသမ ၂၈ ဘီလီယံ၊ ဧပြီလတွင် ကန်ဒေါ်လာ ၃၀ ဒသမ ၃၃ ဘီလီယံနှင့် ဒေါ်လာ ၁၆ ဒသမ ၆၃ ဘီလီယံ အသီးသီး ရှိသည်။

            အာရှ၏တတိယအကြီးဆုံးစီးပွားရေးသည် ဇန်နဝါရီမှမတ်လသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် 7.8% အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အားကောင်းသည့်စွမ်းဆောင်ရည်ဖြင့် ကူညီပေးခဲ့သည်။ ဘောဂဗေဒပညာရှင်များက ယခုနှစ်တွင် အရှိန်အဟုန်ဖြင့် ဆက်လက်တည်ရှိမည်ဟု မျှော်လင့်ထားသည်။

DOCA(မန္တလေး)