လက်ရှိ FTA အဆင့်အားမြှင့်တင်ရန် တောင်ကိုရီးယားနှင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ဆွေးနွေး

Powered by Drupal

      အိန္ဒိယနှင့်ကိုရီးယားနှစ်နိုင်ငံအကြား ရှိပြီးသော လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီချက် FTA ကိုအဆင့်မြှင့်တင်ရန် ဆွေးနွေးမှုများနှင့်အတူ ကုန်သွယ်ရေးဦးစီးဌာနသည် အကြီးစားစက်မှုလုပ်ငန်း၊ သံမဏိလုပ်ငန်းနှင့် ဓာတုဗေဒပစ္စည်းလုပ်ငန်းများအပါအဝင် ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ကာ ကမ်းလှမ်းမှုစာရင်းကိုပြင်ဆင်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

       ထိုစာရင်းပြင်ဆင်မှုသည် နှစ်နိုင်ငံအကြားရှိပြီးသား FTA အဆင့်မြှင့်တင်မှုအတွက် ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက်(CEPA)ဟုအမည်ပေးထားသည့် စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

    အဆိုပါသဘောတူညီချက်ကို ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုအချိန်အထိ ဆွေးနွေးပွဲ(၁၀)ပွဲအထိကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ နှစ်ဖက်စလုံး၏ တောင်းဆိုချက်စာရင်းများကိုဖလှယ်ပြီး ကမ်းလှမ်းချက်စာရင်းများကိုလုပ်‌ဆောင်နေကြောင်း သံမဏိ၊ အကြီးစားစက်မှုလုပ်ငန်း၊ အထည်အလိပ်၊ ဓာတုဗေဒနှင့် ရေနံ စသည့်ဌာနများအပါအဝင် မတူညီသောဝန်ကြီးဌာနများနှင့်ဆွေးနွေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အိန္ဒိယသည် အဆိုပါကုန်ပစ္စည်းများ တင်ပို့မှုကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ‌တောင်ကိုရီးယားမှ သံမဏိ၊ ဆန်နှင့် ပုစွန်ကဲ့သို့သော ကုန်ပစ္စည်းတချို့အတွက် ‌ဈေးကွက်ပိုမိုရရှိရန်ကြိုးပမ်းခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။ 

       ထိုသဘောတူညီချက်များတွင် နှစ်နိုင်ငံ သို့မဟုတ် ထို့ထက်မကသောနိုင်ငံများသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန်အတွက် ကုန်ပစ္စည်းအရေအတွက် အများဆုံးထည့်ဝင်သည့်အပေါ် အကောက်ခွန်ကို သိသိသာသာလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားပစ်ခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

     အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်မှုလိုငွေများကြီးထွားလာမှုအပေါ် စိုးရိမ်မှုများမြင့်တက်လာခဲ့ပြီး ကိုရီးယားသို့ အိန္ဒိယ၏ပို့ကုန်များတင်ပို့မှုသည် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း ၈ဘီလီယံကျော်ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ၆.၆၅ဘီလီယံကျော်နှင့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ၆.၄၁ဘီလီယံကျော်သို့ကျဆင်းသွားခဲ့သည်။

          စီးပွား‌ရေးဆိုင်ရာအကြံပေးအဖွဲ့ Global Trade Research Initative (GTRT)၏ အဆိုအရ အိန္ဒိယနှင့် တောင်ကိုရီးယားတို့၏ ကုန်သွယ်မှုလိုငွေသည် ပိုမိုမြင့်မားသောနှုန်းထားဖြင့် တိုးမြင့်လာလျက်ရှိပြီး အိန္ဒိယနှင့်တောင်ကိုရီးယားကုန်သွယ်မှုသည် CEPA အကောင်အထည်ဖော်ခြင်းမပြုမီနှင့် ပြုပြီးကာလများတွင် သိသိသာသာထင်ရှားသော ပြောင်းလဲမှုများကိုပြသခဲ့သည်ဟု ၎င်းကဆိုသည်။

          CEPA(၂၀၀၇-၂၀၀၉)မတိုင်မီ အိန္ဒိယမှ တောင်ကိုရီးယားသို့ ပျမ်းမျှပို့ကုန်တန်ဖိုးမှာ ၃.၄ဘီလီယံရှိပြီး ပျမ်းမျှသွင်းကုန်မှာ ၇.၃ဘီလီယံရှိကာ ပျမ်းမျှကုန်သွယ်မှုလိုငွေမှာ ၄ဘီလီယံအထိရှိခဲ့သည်။

       CEPA (၂၀၂၂-၂၀၂၄)နောက်ပိုင်းတွင် ပျမ်းမျှပို့ကုန်သည် ၇.၁ဘီလီယံအထိတိုးလာပြီး သွင်းကုန်သည် ၁၉.၉၁ဘီလီယံအထိတိုးလာကာ ပျမ်းမျှကုန်သွယ်မှုလိုငွေမှာ ၁၂.၈ဘီလီယံအထိတိုးလာကြောင်းနှင့် ပျမ်းမျှကုန်သွယ်မှုလိုငွေမှာ ၁၂.၈ဘီလီယံအထိရှိလာခဲ့သည်ဟု GTRT ၏ အစီရင်ခံစာကဆိုသည်။

    ထို့ပြင် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် တင်းကြပ်သောစံချိန်စံညွှန်းများ၊ စည်းမျဉ်းများအပါအဝင် တောင်ကိုရီးယားတွင် အကောက်ခွန်မဲ့အတားအဆီးအမျိုးမျိုးနှင့်ရင်ဆိုင်နေရပြီး အဆိုပါ အတားအဆီးများသည် အိန္ဒိယကုန်ပစ္စည်းများ တောင်ကိုရီးယားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲစေသည်ဟု ၎င်းကဆိုသည်။

         ပုစွန်၊ ဆန်၊ သံမဏိ၊ ဆေးဝါးနှင့် အိန္ဒိယလယ်ယာထွက်ကုန်များအတွက် ပိုမိုကောင်းမွန်သော ဈေးကွက်ရရှိနိုင်ရေး စိန်ခေါ်မှုများရှိကြောင်း အိန္ဒိယစီးပွား‌ရေးလုပ်ငန်းများသည် အဆိုပါကဏ္ဍများတွင် ထိရောက်စွာယှဉ်ပြိုင်နိုင်ရန် ပိုမိုအခွင့်သာသော နည်းလမ်းနည်းစနစ်များကိုရှာဖွေနေကြောင်း GTRI တည်ထောင်သူ Ajay Srivastava ကပြောကြားခဲ့သည်။

       ကုန်ပစ္စည်းများ၏ ဦးစားပေးအကောက်ခွန်အတွက် အရည်အချင်းပြည့်မီမှုကိုဆုံးဖြတ်ပေးသည့် CEPA လက်အောက်ရှိ မူလပြဋ္ဌာန်းချက်စည်းမျဥ်းများနှင့်ပက်သက်၍ စိုးရိမ်မှုများရှိကြောင်း အိန္ဒိယသည် အဆိုပါစည်းမျဥ်းများကို အလွန်အမင်းကန့်သတ်မှုမရှိစေရန်နှင့် ၎င်းသည် ကုန်သွယ်မှုကို အနှောက်အယှက်မဖြစ်စေဘဲ ချောမွေ့စေရန်ရည်ရွယ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံချောမွေ့စေရန်အတွက် အသိအမှတ်ပြုလက်မှတ်များ အပြန်အလှန်ရေးထိုးရန်လိုအပ်ကြောင်း Ajay Srivastava ကပြောကြားခဲ့သည်။

Source: Trend Force.com

DOCA(ရန်ကုန်)