Geely သည် Zeekr EV အမှတ်တံဆိပ်ကို ၂၀၂၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၌ မိတ်ဆက်ရန်စီစဉ်ထား

Powered by Drupal

   Geely Automobile Holdings Ltd  သည် ၎င်း၏ပထမဆုံး ပရီမီယံလျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌မိတ်ဆက်ရန်စီစဉ်နေပြီး Hyundai Mortor ကုမ္ပဏီ နှင့် ဖက်စပ်ကုမ္ပဏီ Kia Corp တို့ အုပ်ချုပ်နေဆဲဖြစ်သော တရုတ်ကားထုတ်လုပ်သူများ၏ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြသည်။

     မေလတွင် US ၌ လူသိရှင်ကြားပြသခဲ့သည့်  Geely ၏ အဆင့်မြင့် EV အမှတ်တံဆိပ် Zeekr Intelliqent Technology Holding Ltd သည် လာမည့်နှစ်ကုန်တွင် ဆိုလ်းနှင့် Gyemggi တို့တွင် အရောင်းပြခန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် စတင်ရောင်းချမည်ဟု Geely က bloomcherg News မှ မေးမြန်းသောမေးခွန်းများကို E-mail ဖြင့် ပေးပို့တုန့်ပြန်ပြော ကြားခဲ့သည်။

     တောင်ကိုရီးယားတွင် ပထမဆုံးထွက်ရှိသည့် Model မှာ Zeekr 001 ဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ အချက်အလက်များအသေးစိတ် မသိရသေးသော်လည်း တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၆၂၀ အထိ ခရီးနှင်နိုင်မည့် EV မျိုးဖြစ်ကြောင်း သိရသည်။

    လစ်သီယမ်၊ နီကမ်၊ ကိုဘော့နှင့် မန်းဂနိစ်ကဲ့သို့ ပြန်လည်အသုံးပြုနိုင်သည့် သတ္တုတန်ဖိုး ပိုမိုမြင့်မားသည့် EV များအတွက် အပို‌ထောက်ပံ့မှုများပေးသည့် စည်းမျဉ်းအသစ်အရ တရုတ်ကား ထုတ်လုပ်သူများသည် တောင်ကိုရီးယားဈေးကွက်သို့ ဦးတည်လျက်ရှိပြီး လက်ရှိတွင် တရုတ်နိုင်ငံမှတင်ပို့သော EV များသည် ဥရောပနှင့်အမေရိကန်တို့မှ ချမှတ်ထားသော အခွန်စည်းကြပ်မှုများ နှင့်ရင်ဆိုင်နေရသောကြောင့် ကားထုတ်လုပ်သူများမှာ တိုးတက်မှုအတွက် အခြားဈေးကွက်များကို ရှာဖွေနေသောအချိန်လည်း ဖြစ်သည်။

    ဥပမာအားဖြင့် BYD ကုမ္ပဏီသည် ကိုရီးယားတွင် ၎င်းတို့၏ခရီးသည်တင်ကားများကို ဖြန့်ချီရန် ပြင်ဆင်လျက်ရှိပြီး ကိုရီးယားနိုင်ငံ၏လမ်းများပေါ်ရှိ စုစုပေါင်း e-buses များ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း Carisyou မှ အချက်အလက်များအရ သိရသည်။

     Geely ကုမ္ပဏီသည်လည်း  ကိုရီးယားတွင် မရင်းနှီးသောနာမည်တစ်ခု မဟုတ်ပေ။ Geely သည် ဘက္ထရီဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုရီးယားမှ SK Group နှင့် မိတ်ဖက်သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး Posco International Inc နှင့် နိုင်ငံအတွင်း ၎င်း၏လုပ်ငန်းသုံး ကားများကို ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းအတွက် လက်မှတ်ရေးထိုးထားကြသည်။

    တရုတ် EV များတွင် ဒစ်ဂျစ်တယ်နည်းပညာသုံး လုပ်ဆောင်ချက်များစွာရှိသောကြောင့် ကိုရီးယားမှနည်းပညာကျွမ်းကျင်သော သုံးစွဲနေသူများအား ဆွဲဆောင်နိုင်ကြောင်း Jeonbuk Institute of Automobille Convergeixe Technology ၏ အကြီးအကဲ Lee Hang-Koo မှ ပြော ကြားခဲ့သည်။

Source: Freemalaysiatoday

DOCA(ရန်ကုန်)