ပြည်သူများအား သက်သာ‌သောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာဝယ်ယူစားသုံးနိုင်ရေး၊ ပစ္စည်းများပြတ်လပ်မှုမရှိစေရေးအတွက် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။

     မကွေးမြို့နယ်ကုန်သည်များအသင်းသည် (၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဓမ္မာရုံ၌ မနောသုခဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းနှင့် ပြည်သူ(၆၀၀)ဦးအတွက် ဆန်(၂၅) အိတ်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

       မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် (၁)လလျှင် ဆန်အိတ်(၃၀၀)အား စျေးနှုန်း သက်သာစွာရောင်းချပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးထံမှသိရှိရပါသည်။

DOCA(မကွေး)