ပြည်ပရင်းနှီးမြှုပ်နှံသူများ အာဆီယံကို အာရုံစိုက်မှုမြင့်တက်လာ

Powered by Drupal

      CIMB Thai (CIMBT)ဘဏ်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေး တင်းမာမှုများကြားတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအခြေစိုက်နေရာများ ပြောင်းလဲလာမှုကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အတွက် အခွင့်အလမ်းများ မြင့်တက်လာရန် မျှော်လင့်လျက်ရှိကြောင်း သိရပါသည်။ CIMB ဘဏ်၏ Corporate and Transactional Banking ၏ အကြီးအကဲဖြစ်သူ Wut Thanittiraporn ၏ အဆိုအရ ကုန်ထုတ်လုပ်ခြင်းတွင် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲလာမှုနှင့်အတူ အာဆီယံနှင့် ထိုင်းနိုင်ငံတို့သည် တိုက်ရိုက်နှင့် သွယ်ဝိုက်ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အဓိက ဦးတည်ရာနေရာအဖြစ် ပေါ်ထွက်လာ ကြောင်း ပြောကြားခဲ့ပါသည်။

     ဒေသတွင်း ဘဏ္ဍာရေးအဖွဲ့အစည်းကွန်ယက်တစ်ခုဖြစ်သည့် CIMBT ဘဏ်သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် များစွာသော ကြီးမားသည့် ကော်ပိုရိတ်ကုမ္ပဏီများနှင့် တက်ကြွစွာ ချိတ်ဆက်ဆွေးနွေးလျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီများသည် CIMBT ဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၃၀၀-၅၀၀ သန်းတန်ဖိုး ငွေကြေးအထောက်အပံ့ကို တောင်းဆိုလျက်ရှိကြောင်း သိရပါသည်။

     Mr.Wut က ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ ပါဝင်သည့် ကော်ပိုရိတ် ကာစတန်မာများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံမှုများပါဝင်သည့် ၎င်းတို့၏ ဒေသတွင်း စီးပွားရေးတိုးချဲ့ရန်အတွက် မလေးရှားအခြေစိုက် CIMB Group နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ကုန်ထုတ်လုပ်ရာနေရာ ပြောင်းလဲမှုလမ်းကြောင်းနှင့် အာဆီယံစီးပွားရေးများ မြင့်မားသည့် ကြီးထွားမှုအလားအလာရှိမှုတို့သည် ဒေသတွင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ အခွင့်အလမ်းများရရှိရန် မျှော်လင့်ရကြောင်း သိရပါသည်။ CIMB Group သည် ဒေသတွင်း  ဗျူဟာမြောက်ဈေးကွက်လေးခုဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ကို အဓိက အာရုံစိုက်ထားကြောင်း သိရပါသည်။

     ယခုနှစ်တွင် Group သည် ရေရည်တည်တံ့မှုရှိရေး၊ AI ၊ အစားအစာဖူလုံရေးနှင့် စားသုံးသူအမူအကျင့် စသည့် အဓိကရင်းနှီးမြှုပ်နှံမှုအကြောင်းအရာလေးခုအပေါ် အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ CIMB သည် ရင်းနှီးမြှုပ်နှံမည့်သူများကို အဆိုပါ ရင်းနှီးမြှုပ်နှံမှုအကြောင်းအရာ ၄ ခုအောက်မှသာ ကော်ပိုရိတ်ဖောက်သည်များကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ ဘဏ်သည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ စုစုပေါင်း ကော်ပိုရိတ်ချေးငွေကို ဘတ် ၁၀၀ ဘီလီယံအထိ တိုးချဲ့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

     ဘဏ်သည် ၂၀၂၂ ခုနှစ်တွင် ဘတ် ၈၀ ဘီလီယံနှင့် ၂၀၂၃ ခုနှစ်တွင် ဘတ် ၉၀ ဘီလီယံ ချေးငွေထုတ်ပေးခဲ့ကြောင်း သိရပါသည်။ Mr.Wun က ဒေသတွင်း ဈေးကွက်တစ်ခုချင်းစီ၏ အားသာချက်များသည် CIMB Group ၏ မဟာဗျူဟာအောက်တွင် ရှိနေကြောင်း အသားပေးပြောကြားခဲ့ပါသည်။

     ထိုင်းနိုင်ငံတွင် အလားအလာရှိသည့် နယ်ပယ်များတွင် ခရီးသွားကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ စာရင်းအင်းနှင့် အချက်အလက်စင်တာများ ပါဝင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ GDP ကြီးထွားနှုန်းသည် ၎င်း၏ ဒေသတွင်း တန်းတူသည့် ပြိုင်ဘက်များထက် နည်းပါးသော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံကို ပြန်လည်တင်ပို့မှုအတွက် ထုတ်လုပ်ရာ အခြေစိုက်နေရာအဖြစ် အသုံးပြုရန်အတွက် FDI ကို ဆက်လက်ဆွဲဆောင်နိုင်စွမ်း ရှိသေးကြောင်း သိရပါသည်။ စင်္ကာပူသည် ယခုနှစ်အစမှစ၍ အာဆီယံနိုင်ငံများတွင် FDI ကို ဆွဲဆောင်နိုင်မှု၌ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်းတို့နောက်တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က အစဉ်လိုက် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)