အင်ဒိုနီးရှား၏ ကျောက်ပုဇွန်မွေးမြူရေးသည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံထိရရှိနိုင်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ ရေ‌ကြောင်းရေးရာနှင့်ငါးလုပ်ငန်းဝန်းကြီးဌာနက နိုင်ငံ၏ကျောက်ပုဇွန် မွေးမြူရေးသည် ၂၀၃၀ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံထိရရှိရန် စီးပွားရေးအလား အလာကောင်းကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။ ရေလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Tb Haeru Rahayu ကအင်ဒိုနီးရှားကျောက်ပုဇွန်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါကအလားအလာအလွန်ကောင်းမွန်ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် မွေးမြူရေးခေတ်မီစီမံကိန်းများအတွက် နိုင်ငံ၏အဓိကကုန်ပစ္စည်း ၅ ခုထဲမှတစ်ခုဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၄၃၃ တန်ခန့်ထုတ်လုပ်နိုင်ခဲ့ပြီး ရူပီး ၁၇၉ ဘီလီယံခန့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကျောက်ပုဇွန်မွေးမြူရေးတွင် မြင့်မားသည့် အလားအလာရှိနေသော်လည်း ပုဇွန်မွေးမြူရေးတွင် ဆက်လက်အာရုံစိုက်ထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ကျောက်ပုဇွန် အကောင်ပေါက်များ တင်ပို့ခြင်းမှ ခန့်မှန်းရူပီး ၄၁၉ ဘီလီယံခန့်ရရှိနိုင်မည်ဟု သိရပါသည်။ Rahayu က အင်ဒိုနီးရှားသည် Batam ပြည်နယ်ရှိ Marine Aquacalture Center တွင် မွေးမြူရေးပုံစံများ တည်ဆောက်ခြင်းအားဖြင့် ကျောက်ပုဇွန်ထုတ်ကုန်များအတွက် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှု ဦးဆောင်သူဖြစ်နိုင်ကြောင်း အကောင်းမြင်သုံးသပ်ခဲ့ပါသည်။ ရေကြောင်းရေးရာနှင့်ငါးလုပ်ငန်း ဝန်ကြီး Sakti Wahyu Trenggono သည် ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် Batam ၌ကျောက်ပုဇွန် မွေးမြူရေးပုံစံပြုလုပ်ခြင်းအခမ်းအနားတက်ရောက်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုကျောက် ပုဇွန်မွေးမြူရေးပုံစံပြုလုပ်ခြင်းစီမံကိန်းတွင် ကျောက်ပုဇွန် ကျင်းပေါင်း ၁၄၄ ခုပါဝင်ပြီး ဝန်ကြီးဌာနက ကနဦးစတင်ခဲ့သည့် လေးခုမြောက်စီမံကိန်းဖြစ်ကြောင်း သိရပါသည်။ ပုံစံပြုလုပ်ခြင်းစီမံကိန်းတွင် ပါဝင်သည့် အခြားကုန်ပစ္စည်း ၃ ခုမှာ Kebumen မြို့တွင် ပုဇွန်၊ Wakatobi ကျွန်းစုများတွင် ကျောက်ပွင့်နှင့် Karawang မြို့တွင် Salinity-tolerant tilapia တို့ဖြစ်ကြောင်း သိရပါသည်။

Source: Antara News

DOCA(ရန်ကုန်)