စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထွက်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကျော်နိုင်

Powered by Drupal

ထုတ်လုပ်မှုနာလံထူလာမှုနှင့် ဆက်လက်ကြီးထွားလာမှုတို့ကြောင့် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် တင်ပို့ရန် ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆၀ဘီလီယံကိုကျော်နိုင်ရန် အလားအလာရှိကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန(MARD) ၏ အဆိုအရသိရပါသည်။ ယခုနှစ်၏ ပထမ ၉လတာကာလတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၆.၂၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၇၁.၂% မြင့်တက်ခဲ့ကာ နိုင့်စုစုပေါင်းကုန်သွယ်ရေးပိုငွေရရှိမှု၏ ၆၆.၈% ရှိကြောင်းသိရပါသည်။ ထိုတင်ပို့မှုစုစုပေါင်းဝင်ငွေရရှိမှုတွင် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄.၈၅ ဘီလီယံဖြင့် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး သစ်ထုတ်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂.၄၆ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၇.၂၃ ဘီလီယံအသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ ကော်ဖီ၊ ဆန်၊ သီဟိုဠ်စေ့၊ သစ်သီး၊ ပုစွန်၊ Pangasius ငါးနှင့် ငရုတ်ကောင်းစေ့ကဲ့သို့သော အဓိကထုတ်ကုန်များတင်ပို့မှုကြီးထွားမှုကို သိသာစွာမြှင့်တင်နိုင်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Phung Duc Tien ကလည်း အကယ်၍ ကြီးထွားနှုန်းအဟုန်ကို ဆက်လက်ထိန်းထားနိုင်ပါက ယခုနှစ်ကုန်တွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တင်ပို့မှုမှ စံချိန်တင် အမေရိကန်ဒေါ်လာ ၆၀-၆၁ ဘီလီယံရရှိနိုင်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ထိုကဏ္ဍသည် တိုက်ဖွန်းမုန်တိုင်း Yagi ၏ သက်ရောက်မှုခံခဲ့ရသောကြောင့် စိန်ခေါ်မှုများရှိနေကြောင်းလည်းသိရပါသည်။ Yagi သည် ထိုကဏ္ဍအပေါ် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီံကျော်ထိခိုက်ပျက်စီးခဲ့ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အပြင်းထန်ဆုံးထိခိုက်ခဲ့ကြောင်းသိရပါသည်။ Tien က ပြည်တွင်းထုတ်လုပ်မှုတည်ငြိမ်မှုရှိစေရန် မှောင်ခိုကုန်သွယ်မှုဆန့်ကျင်သည့် စီမံချက်များတင်းြပ်ခြင်း၊ တင်သွင်းမှု န့်သတ်ခြင်းနှင့် ကြီးထွားရန်အလားအလာရှိသည့် လူဦးရေ ၂.၂ ဘီလီယံရှိသော ဟာလာဈေးကွက်တွင် အားကောင်းစွာ စီးပွားရေးခြေကုပ်ယူထားသင့်ကြောင်းပြောကြားခဲ့ပါသည်။
Source : Vietnam Plus
DOCA(ရန်ကုန်)