ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ပိုငွေ ကန်ဒေါ်လာ ၃ဘီလီယံကျော်နှင့်အတူ အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံအထိရှိလာနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရသိရသည်။ ၂၀၂၄ခုနှစ်၏ ပထမကိုးလအတွင်း နှစ်နိုင်ငံအကြား သွင်းကုန်ပို့ကုန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံနီးပါးရှိပြီး ဗီယက်နမ်၏ ပို့ကုန်တင်ပို့မှုမှာ ၂၀.၇% တိုးမြင့်လာကာ တစ်နှစ်ထက်တစ်နှစ် ၂၀% တိုးလာကြောင်းသိရသည်။ ဖိလစ်ပိုင်သို့ ဗီယက်နမ်မှတင်ပို့သည့် ထုတ်ကုန် ၃၅မျိုးတွင် ယခုနှစ်၏ ပထမကိုးလတာကာလအတွင်း စံချိန်တင်တိုးတက်ခဲ့သော ထုတ်ကုန်များမှာ ဆန်စပါး ၅၃.၃%၊ ကော်ဖီ ၁၂၀.၇၂%၊ ငရုတ်ကောင်း ၃၇.၆%၊ ဓာတ်မြေဩဇာ ၂၁.၆%၊ သံမဏိထုတ်ကုန် ၇၁.၂%၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများ ၄၂.၈%နှင့် ကင်မရာ၊ ကမ်ကော်ဒါနှင့် အစိတ်အပိုင်းများ ၆၄.၆% တို့ဖြစ်သည်။ တစ်ချိန်တည်းတွင် ပြည်ပသို့ တင်ပို့မှုလျော့နည်းသွားသော ထုတ်ကုန်များမှာ ရေထွက်ကုန် ၂၁.၂%၊ တိရိစ္ဆာန်အစာနှင့် ကုန်ကြမ်း ၁၅.၆%၊ စက္ကူနှင့် စက္ကူထွက်ကုန် ၁၉.၃%၊ ကြွေထည်ပစ္စည်းများ ၁၇.၂%၊ ကလစ်ကာနှင့် ဘိလပ်မြေ ၁၅.၇% တို့ဖြစ်သည်။ အထူးသဖြင့် ဖိလစ်ပိုင်ဈေးကွက်သို့ ဗီယက်နမ်၏ အဓိကပို့ကုန်ဖြစ်သော ဆန်သည် ယခုနှစ် ပထမကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံအထိ တိုးတက်မှုအရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့သည်။ ၂၀၂၄ခုနှစ်၏ ကျန်လများတွင် ဖိလစ်ပိုင်၏ နှစ်ကုန်သီးနှံမှာ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများရှိသော်လည်း ဖိလစ်ပိုင်၏ဆန်တင်သွင်းမှုသည် ပြည်တွင်းစားသုံးမှုအားကောင်းနေသောကြောင့် ဆက်လက်တိုးတက်လာမည်ဟုခန့်မှန်းထားကြသည်။
Source : VietnamPlus
DOCA(ရန်ကုန်)
ဗီယက်နမ်ဖိလစ်ပိုင်ကုန်သွယ်မှုသည် ပထမဆုံးအကြိမ်အဖြစ် ကန်ဒေါ်လာ ၈ဘီလီယံကျော်အထိရှိလာနိုင်
Powered by Drupal