ထိုင်းနိုင်ငံ၏ စားအုန်းဆီဈေးနှုန်းမြင့်တက်နေသောကြောင့် တင်ပို့မှုအား ရပ်ဆိုင်းထား

Powered by Drupal

ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားအုန်းဆီအရေးပေါ်သိုလှောင်မှုကို တိုးမြှင့်ရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ထားပြီး လက်လီစတိုးဆိုင်များအား ဆီဘူးများ၏ဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်းသိရသည်။ လတ်ဆတ်သော စားအုန်းဆီကုန်ကြမ်းများ၏ ထောက်ပံ့မှုလျော့နည်းသွားသောကြောင့် ဒေသတွင်းပေါက်ဈေးမှာလည်း မြင့်တက်ခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက လုံလောက်သော စတော်ဒ်များသေချာစေရန်အတွက် စားအုန်းဆီတင်ပို့မှုအား တားမြစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan ကပြောကြားခဲ့သည်။ ကုန်သွယ်ရေးဦးစီးဌာနသည် စားအုန်းဆီအသုံးပြုမှုကိုလျှေ့ချနိုင်ရန် ဘိုင်အိုဒီဇယ်ထုတ်လုပ်မှုတွင် စားအုန်းဆီအသုံးပြုမှုကိုလျှေ့ချနိုင်သည်။ စားအုန်းဆီပုလင်းဈေးနှုန်းများသည် မကြာသေမီးက ၁လီတာလျှင် ၁၀ဘတ်မှ ၉၀ဘတ်အထိမြင့်တက်လာခဲ့ကြောင်း ထိုင်းလက်လီ/ လက်ကား ရောင်းဝယ်ရေးအသင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ခြောက်သွေ့ရာသီကြောင့် ထန်းစေ့တစ်ကီလိုဂရမ်လျှင် ၈ဘတ်မှ ၉ဘတ်အထိဈေးတက်သွားသည်ဟု ယူဆထားကြသည်။ စားအုန်းဆီ ၁လီတာလျှင် ဘတ်၅၀ထက်မပိုသောဈေးနှုန်းဖြင့် ထိန်းသိမ်းထားနိုင်ရန် ဟင်းသီးဟင်းရွက်ဆီစက်ရုံများနှင့်လက်လီ/ လက်ကားဆိုင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုင်းနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ လက်ရှိတွင် တန်ချိန် ၂၀၀၀၀၀ ခန့်ရှိပြီး ရာသီသစ်တစ်ခုစတင်သည့် ဇန်နဝါရီလအထိ လုံလောက်သည်ဟု ဌာနမှဆိုသည်။ ဇန်နဝါရီလတွင် ထုတ်လုပ်မှုပုံမှန်အဆင့်ကို ပြန်လည်ရောက်ရှိသည်အထိတင်ပို့ခြင်းမှ ရှောင်ကြဉ်ရန် ထုတ်ယူသူများနှင့် သန့်စင်သူများထံမှ ပူးပေါင်းဆောင်ရွက်မှုကိုရရှိရန်ကြိုးပမ်းခဲ့သည်။ လက်ရှိစားအုန်းဆီဘူးများ၏ဈေးနှုန်းမှာ ၁လီတာလျှင် ၄၃ဘတ်မှ ၄၈ဘတ်အထိရှိကြောင်း Mr.Goranij ကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံမှ စားသုံးသူများသည် မမျှတသောဈေးနှုန်းများ သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများအတွက် ဌာန၏ hotline နံပါတ် ၁၅၆၉ သို့မဟုတ် ပြည်နယ်စီးပွားရေးရုံးများသို့ တိုင်ကြားနိုင်ကြောင်း Mr.Goranij ဆက်လက်ပြောကြားခဲ့သည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ စားအုန်ဆီကုန်ကြမ်းတန်ချိန် ၈၅၀၀၀၀ တင်ပို့ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံသို့ ဒုတိယအများဆုံးတင်ပို့လျက်ရှိကြောင်းသိရသည်။
Source: Bangkokpost
DOCA(ရန်ကုန်)